Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးကွက်အခြေအနေ

Last Updated:

အောက်တိုဘာလပထမပတ်မန္တလေးကုန်စည်ဒိုင်သို့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချို၊ရပ်စောက်၊ဘန်ဘွေးနှင့် မတ္တရာစဉ့်ကူးဘက်မှပြောင်းဖူးစေ့အသစ်များဝင်ရောက်နေပြီးတိရစ္ဆာန်အစာတောင့်စက်ရုံများမှဝယ်ယူလျှက်ရှိ ကြောင်း ပြည်ပတင်ပို့မှုမရှိသောကြောင့်ဈေးအေးနေကြောင်းမန္တလေးကုန်စည်ဒိုင်မှသိရသည်။          

ရှမ်းပြောင်းဖူးစေ့ ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၉၀၀၀မှ၄၈၀၀၀ယခင်တစ်ပတ်ကျပ်၅၄၀၀၀မှ၅၃၀၀၀ယခင်လကျပ်၅၃၅၀၀မှ၅၃၀၀၀ဖြစ်သည်။သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက် ကျပ်၅၀၀၀ ယခင်လထက်ကျပ်၄၅၀၀မှ၅၀၀၀နိမ့်ကျလာသည်။

စီပီပြောင်း 

၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၄၉၀၀၀မှ၄၈၀၀၀၊ယခင်တစ်ပတ်ကျပ်၅၄၀၀၀မှ၅၃၀၀၀၊ ယခင်လကျပ်၅၄၀၀၀မှ၅၃၀၀၀ဖြစ်သည်။ သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀ယခင်လ ထက်ကျပ်၄၀၀၀မှ၅၀၀၀နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့

၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၄၈၀၀၀မှ၄၇၀၀၀ယခင်တစ်ပတ်ကျပ် ၅၂၅၀၀မှ၅၂၀၀၀၊ယခင်လကျပ်၅၂၅၀၀မှ၅၂၀၀၀ဖြစ်သည်။သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်၊ ယခင်လထက်ကျပ် ၄၅၀၀မှ၅၀၀၀နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန                    

Category: Local News